ဝန်ထမ်းမိတ်ဆက်

ဝန်ထမ်းမိတ်ဆက်

ဒါရိုက်တာများ

Mr. Thet Oo

ကျွန်တော်​သည် ​မိထီၳလာရှိစီးပွား​ရေးတက္ကသိုလ်​တွင်​ ဘွဲ့ရခဲ့ပါတယ်။ IT နည်းပညာကို IT သင်​တန်းများတက်ရင်းကုမ္ပဏီရဲ့ Training ကတဆင့်လေ့လာခဲ့ပါတယ်။ 2013 ခုနှစ်ကစ၍ IT ကုမ္ပဏီဖြစ်သည့် Funward Myanmar တွင်​အလုပ်​ဝင်ခဲ့ပါတယ်။ ဒီကုမ္ပဏီ ဝင်​ပြီးသည့်​နောက်​ပိုင်း ဂျပန်​ဘက်​က Project​ တွေကို တကယ့်လက်​​တွေ့လုပ်​ခြင်းအားဖြင့်လည်း အ​တွေ့အကြုံ​များစွာကိုရရှိခဲ့ပါတယ်​။ ကျွန်တော်​တို့မြန်​မာနိုင်​ငံသည်​ ယခုအချိန်မှာတော့ဖွံဖြိုးဆဲနိုင်​ငံဖြစ်​တာ​ကြောင့် စီးပွားရေးလုပ်ငန်းများလည်း ဖွံဖြိုးတိုးတက်​ပြီး ကြီးမား​သော အခွင့်အ​ရေးများ ရှိနိုင်​ပါတယ်​။

Ms. Khine Nyo Thant

ကျွန်မက Thanlyin University of Technology မှ BE(EC) ဖြင့် ဘွဲ့ရပြီးနောက် Funward Myanmar Co.,Ltd မှာ 2013 ခုနှစ်ကစ၍ အလုပ်ဝင်ခဲ့ပါတယ်။ programmer အနေနှင့်ရော front-end developer အနေနှင့်ပါ project ပေါင်းများစွာမှာလည်း ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ တာဝန်ယူစိတ်အပြည့်နှင့် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အတွက်ကြောင့် အလုပ်ရှင်တွေဆီကနေ အသိအမှတ်ပြုခံခဲ့ရပါတယ်။ ကိုယ့်တာဝန်ကို ကန့်သတ်မထားဘဲ ပြဿနာကြီးငယ်မရွေး ဖြေရှင်းခြင်းဟာ အသိအမှတ်ပြုခံရတာတွေ ကိုယ့်အရည်အသွေးကို မြှင့်တင်နိုင်တာတွေနှင့်လည်း ဆက်စပ်နေပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနှင့် အကြောင်းအရာအမျိုးမျိုးကို ဆက်သွယ်တင်ပြရင်း ဆွေးနွေးတိုင်ပင်တာဟာလည်း ကောင်းမွန်တဲ့ရလဒ်ကို ရရှိစေပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပမှ project များကိုလည်း လုပ်ကိုင်ဖူးတာကြောင့် အင်္ဂလိပ်၊ မြန်မာ၊ ဂျပန် စတဲ့ဘာသာစကားတွေနှင့် ဆက်သွယ်လုပ်ကိုင်နိုင်ပါတယ်။ အလုပ်ရှင်တွေရဲ့ စိတ်ကျေနပ်မှုနှင့် ယုံကြည်မှုရရှိခြင်းဟာ ကျွန်မအတွက်တော့ အလွန်အရေးပါပါတယ်။ ကျွန်မတို့တွေဟာ အလုပ်ရှင်တွေရဲ့ စိတ်ကျေနပ်မှုရရှိရေးကို အမြဲဂရုစိုက်လျက်ရှိတာကြောင့် သင့်ရဲ့လုပ်ငန်းကို ထောက်ပံ့ပေးရန် အမြဲအဆင်သင့်ရှိနေပါတယ်။

Ms. Khin Mar Lar Min

ကျွန်မကတော့ Thanlyin Technological University တွင်​ BE(IT) ဖြင့် ဘွဲ့ရခဲ့ပြီး 2013ခုနှစ်ကတည်းက Funward Myanmar Co.Ltd တွင်စတင်တာ၀န်ထမ်းဆောင်​ခဲ့ပါတယ်​။ Speed, Quality နှင့် Communication ကိုအမြဲတိုးတက်အောင်ဆောင်ရွက်လျက် ​ပေးအပ်​လာသည့် အလုပ်​များကိုလည်း တာဝန်​​ကျေစွာ ထမ်း​ဆောင်​လျက်​ရှိပါတယ်​။ ကျွန်မတို့ကုမ္ပဏီသည် ဂျပန်​မှအမျိုးမျိုး​သောProjectများကို လက်ခံလုပ်​​ဆောင်​​နေတဲ့အတွက်​​ကြောင့် မြန်မာမှာလည်း ဂျပန်​စံချိန်​မီ​အရည်သွေးကောင်းမွန်သော Project များကို Deadline အတွင်းပြီး​အောင်​လုပ်ဆောင်ပေးရန် အတွေ့ကြုံအပြည့်ရှိပါတယ်​။ Customerများနှင့် အတူတကွလုပ်​​ဆောင်​နိုင်​မည့်​နေ့ကို စောင့်မျှော်နေပါတယ်​။ ကျွန်မတို့ကုမ္ပဏီနှင့်တွဲဖက်၍ အလုပ်​များလုပ်​​ဆောင်​ပါက စိတ်ကျေနပ်မှုများရနိုင်​မည်​မှာ အသေအချာပင်​ဖြစ်​ပါတယ်​။


မန်နေဂျာများ

Ms. Yu Thaw Thaw Ko

ကျွန်​မသည်​ University of Computer Studies တွင်​ ဘွဲ့ရရှိခဲ့ပြီ 2014ခုနှစ်တွင် Funward Myanmar မှာ အလုပ်​လုပ်​ခဲ့ပါတယ်​။ Project အမျိုးမျိုး​က​နေ အ​တွေ့အကြုံ များစွာ ရရှိခဲ့တာ​ကြောင့် Error များကိုလည်း ဘယ်​လို ​ဖြေရှင်းရမယ်ဆိုတဲ့ Skill လည်း တက်​လာခဲ့ပါသည်​။ အဲဒီ ပြဿနာ​များက​နေရခဲ့တဲ့ အ​တွေ့အကြုံများကို နမူနာအဖြစ်​ယူပြီး ​နောက်​ပိုင်း မဖြစ်​​အောင်​ ကာကွယ်​၍ ပြသနာ များဖြစ်​လာခဲ့လျှင်​ အချိန်​တိုတိုအတွင်းမှာ ​ဖြေရှင်းနိုင်​လာခဲ့ပါတယ်​​။ ကျွန်​မအတွက်​က​တော့ နည်းပညာအသစ်​များကို ​လေ့လာပြီး စိန်​​ခေါ်မူများကိုလည်း ရင်​ဆိုင်​ရတာ ကြိုက်​ပါတယ်​။ အချိန်​ကိုလည်းတိကျစွာလိုက်​နာပြီး​ ပေးအပ်​လာ​သောအလုပ်​များကို သေချာစွာဆောင်ရွက်ခဲ့တာ​ကြောင့် ကောင်းမွန်​​သောရလဒ်​များလည်းရရှိခဲ့ပါတယ်​။ Communication ကို ပြုလုပ်​သည့်အချိန်​မှာလည်း customerသို့ reportတင်​ခြင်း ၊ ဆက်​သွယ်​ခြင်း၊ တိုင်​ပင်​ခြင်း များကိုလည်းပြုလုပ်ခဲ့ပါတယ်​။ ထိုကဲ့သို့ အ​တွေ့အကြုံများစွာရှိ သည့်​အတွက်​​ကြောင့် ဘယ်​လိုprojectမဆို​ကောင်းမွန်​​သောရလဒ်​များ ရရှိမည်​ဟုယုံကြည်​ပါတယ်​။ Customerများရဲ့ စိတ်​​ကျေနပ်​မှုနှင့် ​မျှော်​လင့်ချက်​များကို အဓိကထား၍လုပ်​​ဆောင်​​နေ​သော​ကြောင့် ကောင်းမွန်​​သောဝန်​​ဆောင်​မှုနှင့် စိတ်​တိုင်းကျ​သောအရည်​အ​သွေးများရမည်​မှာသေချာပါတယ်။

Mr. Htoo Wint Maw

ကျွန်တော်ကတော့ University of Computer Studies တွင်​ ဘွဲ့ရရှိခဲ့ပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၉ရက်မှစတင်၍ Funward Myanmar Co.,Ltd တွင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ IOS system, sa-smile system, radio application, test case, website creation (clinic, beauty blog, etc.) and reservation system အစရှိသည့် ပရောဂျက်များစွာမှ အတွေ့အကြုံများရှိခဲ့ပါတယ်။ လုပ်ဆောင်ပေးခဲ့တဲ့ အဲဒီပရောဂျက်အတွေ့အကြုံများ မှတဆင့် လုပ်ငန်းရှင်များ၏လိုအပ်ချက်များနှင့် ပြဿနာအမျိုးမျိုးတို့ကို ကူညီဖြေရှင်းပေးနိုင်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့နှင့်ပရောဂျက်များကို အတူတကွလုပ်ကိုင်ရင်း အတူတူအောင်မြင်စွာလျှောက်လှမ်းကြပါစို့။


senior developer များ

Ms. Mu Mu Win

ကျွန်​မက​ ကချင်​ပြည်​နယ်​ရှိ နည်းပညာတက္ကသိုလ်​က​နေ ဘွဲ့ရရှိခဲ့ပါတယ်​။ ကျွန်​မကတော့ Funward Myanmar တွင်​ Web developer အဖြစ်​ စတင်​လုပ်​​ဆောင်​ခဲ့ပြီး ယခုလက်​ရှိတွင်​ SAP Developer အဖြစ်​ ဂျပန်​နိုင်​ငံတွင်​ အလုပ်​လုပ်​​နေပါတယ်​။ အ​တွေ့အကြုံများစွာရရှိခဲ့တာကြောင့် customer များ စိတ်​​တိုင်ကျ ဝန်​​ဆောင်​မှုများကို ​ပေးရင်းနှင့်အတူတကွအလုပ်​များ လုပ်​ချင်​ပါတယ်​။ Funward Myanmar သည်​ ​ကောင်းမွန်​​သော Service များပေးနိုင်​​သော ကုမ္ပဏီတစ်​ခုဖြစ်​သည်​ဟု အများကလက်​ခံနိုင်​သည်​အထိ ကျွန်​မတို့ ကြိုးစား​နေပါတယ်။

Ms. Khaing Swe Mon Htwe

ကျွန်မကတော့ BE (IT) နှင့် Government Techlogical College (မြင်းခြံ)က​နေ ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၁၇ခုနှစ်တွင် စတင်၍ အလုပ်ဝင်ခဲ့ပါတယ်။ IOS System ၊ Sa-Samile System ၊ Radio OS Application များကို လုပ်ပေးခဲ့ပါတယ်။ Website များ ဖန်တီးခြင်း ဖြစ်သည့် (Mazda,Nursing, Beauty Salon)နှင့် ဘိုကင် System များကို လည်း လုပ်ပေးခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ ကျွန်မက Customer များနှင့် ပူးပေါင်းဆက်သွယ်၊ ဆောင်ရွက်ခြင်းများနှင့် ပေးပို့ရမည့် Project များကိုလည်း အချိန်မီ ပေးပို့နိုင်ပါတယ်။ အဲဒီနောက် ကျွန်မက နည်းပညာသစ်များကို လေ့လာရတာ၊ Error များ ဖြေရှင်းရတာကိုလည်း ကြိုက်​ပါတယ်​။ ဒါကြောင့် ကျွန်မတို့နှင့်အတူတူအလုပ်လုပ်ကိုင်ရင်း အောင်မြင်မှုများရယူကြပါစို့။